Oxytoxin (2026)
အဆိပ်သင့်သော ပန်းခင်း
စိန့်စီဆီလီအာ ကျောင်းမှာ အလှပဆုံးနဲ့ သြဇာအာဏာအရှိဆုံး ကျောင်းသူလေးယောက်ဖြစ်တဲ့ အိုင်ဒေါင်၊ ဂေးလ်၊ ချယ်လ်ဆီးနဲ့ မိုင်မိုင်တို ပါဝင်တဲ့ Toxxxxin ဆိုတဲ့ အထက်တန်းလွှာအဖွဲလေး တစ်ခုရှိပါတယ်။
တစ်နေ့မှာတော့ ကျောင်းကချမ်းသာတဲ့ကျောင်းသူ ပလွိင်ဖင်ရဲ့ အနိုင်ကျင့်တာကို အမြဲခံနေရတဲ့ ပညာသင်ဆုနဲ့ကျောင်းတက်နေရတဲ့ ဂျွန်းကျိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက် သူတိုရဲ့ပတ်ဝန်းကျင်ထဲကို ရောက်လာခဲ့ပါတယ်။ ဂျွန်းကျိုင်းဟာ ခေါင်းဆောင်ဖြစ်သူ အိုင်ဒေါင် အမြဲမက်လေ့ရှိတဲ့ အိပ်မက်ထဲက တစ်ခါမှမတွေ့ဖူးတဲ့ ကောင်မလေးနဲ့ အရမ်းတူနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Toxxxxin အဖွဲက သူ့ကို အနိုင်ကျင့်ခံရမှုကနေကယ်တင်၊ သူတိုအဖွဲထဲခေါ်သွင်းပြီး လူမှုအဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပါတယ်။ မော်ဒယ်နဲ့ ဒီဇိုင်နာဖြစ်ချင်တဲ့ အိပ်မက်တွေကို အတူတူအကောင်အထည်ဖော်ဖို ကြိုးစားကြရင်း ပြင်ပကမ္ဘာရဲ့ ကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေကို ဒီကောင်မလေးတွေ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပါ။
အနိုင်ကျင့်ခံရတဲ့ဘဝကနေ သူငယ်ချင်းတွေရဲ့အကူအညီနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်မယ့် သူတိုသူငယ်ချင်းတစ်စုရဲ့ ဒီဇာတ်လမ်းတွဲလေးကို လက်မလွတ်တမ်း အခုပဲအတူတူ ကြည့်ရှုလိုက်ကြရအောင်နော်။