Wild Diamon (2024)
ပြင်သစ်တောင်ပိုင်းမှာ ၁၉နှစ်အရွယ်လီအန်းဆိုတဲ့ကောင်မလေးက မိခင်နဲ့ညီမဖြစ်သူတို့နဲ့အတူနေပါတယ်။ လီအန်းကအလှအပကိုစွဲလမ်းပြီး နာမည်ကြီးဖြစ်ချင်တဲ့သူပါ။ လက်ရှိမှာ follower ငါးသောင်းလောက်နဲ့ အင်တာနက်ဆယ်လီလည်းဖြစ်နေတာပေါ့။ ဒါပေမဲ့နာမည်ကြီးဖြစ်ချင်တာနဲ့ Miracle Island ဆိုတဲ့ reality တီဗီရှိုးမှာလူရွေးပွဲဝင်ပြိုင်လိုက်တာ ပထမအဆင့်အောင်သွားတယ်။ ဒီရှိုးမှာပါခွင့်ရရင် သူ့ဘဝတဆစ်ချိုးပြောင်းလဲမှာဆိုတော့ အောင်မအောင်သတင်းကိုစောင့်နေတာပေါ့။ အောင်မယ်အထင်နဲ့ စကားတွေလည်းကျွံထား လုပ်ချင်ရာတွေလည်းလုပ်ထားပြီးမှ အခြေနေမဟန်သလိုဖြစ်လာချိန်မှာ ဆုံးဖြတ်ချက်တွေမှားသွားမလား၊ ရှိုးမှာပါခွင့်ရပြီးနာမည်ကြီးဖြစ်သွားမလားဆိုတာ ဒီကားလေးထဲမှာစိတ်ဝင်စားဖို့ကောင်းစွာကြည့်ရှုရမှာပါ။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




