Switch Mode

When I Meet the Moon (2026) MMSUB

Download When I Meet the Moon (2026) MMSUB, Watch When I Meet the Moon (2026) MMSUB, don't forget to click on the like and share button. Series When I Meet the Moon (2026) always updated at MMFILM. Don't forget to watch other series updates.

When I Meet the Moon (2026) MMSUB

When I Meet the Moon (2026) မြန်မာစာတန်းထိုး

When I Meet the Moon (2026) MMSUB

Episode1

Episode2

Episode3

Telegram Telegram Mega MegaUp

Episode4

Episode5

Episode6

When I Meet the Moon (2026)

When I Meet the Moon (2026)

Zhe Yue Liang
Rating 8.2
Status: Ongoing Network: , Released: Nov 5, 2026 - ? Duration: 45 min. Country: Type: Drama Episodes: 27 Director: Casts: , , , , ,
WHEN I MEET THE MOON (折月亮) (2026) "ကြင်နာခြင်းတို လရိပ်ဝယ်" ​တစ်ချိန်က ကိုယ်တစ်ဖက်သတ် ရင်ခုန်ခဲ့ရတဲ့သူကို နှစ်တွေကြာပြီးမှ ပြန်လည်ဆုံတွေ့ခွင့်ရလာတဲ့အခါ ဒီတစ်ကြိမ်မှာရော ကိုယ့်ခံစားချက်တွေကို ဖွင့်ပြောရဲပါ့မလား။ အရင်တုန်းက သူ့ကို တိတ်တိတ်လေး ချစ်ခဲ့ရတဲ့ မိန်းကလေးတစ်ယောက်က ဒီတစ်ခေါက်မှာတော့ ကိုယ်တိုင်ရှေ့တိုးပြီး အချစ်ကို လိုက်လံဖမ်းဆုပ်ဖို ကြိုးစားလာတဲ့အခါ... ​“Hidden Love” နဲ့ “The First Frost” တိုလို နာမည်ကြီးဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာမ Zhu Yi ရဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားပြီး မင်းသား Lin Yi နဲ့ မင်းသမီး Lu Yuxiao တို အဓိကပါဝင်ထားတဲ့ တရုတ်ရိုမန့်စ်ဇာတ်လမ်းတွဲ “When I Meet the Moon” (折月亮) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရှက်တတ်ပြီး လူအများကြားမှာ ကိုယ့်ကိုယ်ကို ဖွင့်ပြဖို ခက်ခဲတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဉာဏ်ရည်ထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်တိုရဲ့ ငယ်ဘဝအမှတ်တရကနေ အချစ်ဇာတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲလာပုံကို နွေးထွေးတဲ့ အထိအတွေ့လေးတွေနဲ့ တင်ဆက်ထားပါတယ်။ ​Yun Li ဟာ လူစိမ်းတွေနဲ့ ဆက်ဆံရတာ အခက်အခဲရှိပြီး ရှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ကြောင်း ဖခင်ကို သက်သေပြချင်တာကြောင့် Nanwu မြိုမှာ ဘွဲလွန်ပညာဆက်လက်သင်ယူဖို ဆုံးဖြတ်ခဲ့ပါတယ်။ ကျောင်းမဖွင့်ခင်မှာပဲ VR အတွေ့အကြုံစင်တာတစ်ခုရဲ့ ဗီဒီယိုဖန်တီးသူအဖြစ် အလုပ်လုပ်ဖို အခွင့်အရေးရလာပြီး အဲဒီမှာတင် အထက်တန်းကျောင်းတုန်းကတည်းက တိတ်တခိုးသဘောကျခဲ့ရတဲ့ ပါရမီရှင်လူငယ် Fu Shize နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ အရင်ကဆို သူ့ကို အဝေးကနေသာ ငေးကြည့်ခဲ့ရပေမဲ့ ဒီတစ်ခေါက်မှာတော့ Yun Li ဟာ ကိုယ့်ရဲ့ရှက်တတ်တဲ့စိတ်ကို ကျော်လွှားပြီး Fu Shize ရဲ့နှလုံးသားကို ရရှိဖို တက်တက်ကြွကြွ ကြိုးစားလာပါတော့တယ်။ ​သူငယ်ချင်းတွေရဲ့ အားပေးကူညီမှုတွေနဲ့အတူ Yun Li ရဲ့ နွေးထွေးတောက်ပတဲ့ အပြုအမူလေးတွေက Fu Shize ရဲ့ နှလုံးသားထဲအထိ ရောက်ရှိသွားခဲ့ပြီး နှစ်ယောက်သား ချစ်သူတွေဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ချစ်သူဘဝရဲ့ ပျော်ရွှင်စရာအချိန်တွေ ကြာလာတာနဲ့အမျှ ပြဿနာတွေကို ဖြေရှင်းပုံနဲ့ ဘဝအပေါ် အမြင်ချင်းမတူညီမှုတွေက သူတိုနှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ဖြစ်လာစေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လမ်းခွဲခဲ့ကြပြီး Yun Li ဟာ နိုင်ငံခြားကို ထွက်ခွာသွားခဲ့ရသလို Fu Shize ရဲ့ ရင်ထဲမှာလည်း နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ နာကျင်စရာအတိတ်တွေ ပြန်လည်ပေါ်ထွက်လာခဲ့ပါတော့တယ်။ ​တစ်ချိန်က ကိုယ့်ကို လိုက်ချစ်ခဲ့တဲ့ မိန်းကလေးကို ဒီတစ်ကြိမ်မှာတော့ Fu Shize ကိုယ်တိုင် ပြန်လည်လိုက်လံချစ်ခင်ရတော့မယ့် အလှည့်ပါပဲ။ Yun Li နိုင်ငံခြားကနေ ပြန်ရောက်လာတဲ့အခါ သူတိုနှစ်ယောက်ရဲ့ နားလည်မှုလွဲမှားမှုတွေကို ကျော်လွှားပြီး အရင်လို ပြန်လည်နီးစပ်နိုင်ပါ့မလား။ ပထမဆုံးအချစ်ရဲ့ ရင်ခုန်မှုတွေ၊ လမ်းခွဲခြင်းရဲ့ နာကျင်မှုတွေနဲ့ ဒုတိယအကြိမ် ပြန်လည်ချစ်မိသွားတဲ့ ခံစားချက်တွေကိုတော့ “When I Meet the Moon” ဇာတ်လမ်းတွဲလေးမှာပဲ ဆက်လက် ဇိမ့်ယူခံစားကြည့်လိုက်ကြရအောင်နော်။